လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း)   ဩဂုတ်  

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင်  ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သဘာ၀ဘေးအန္တရာယ် ကြိုတင်စီမံ ဆောင်ရွက် ထားရန်၊ မိမိတို့ရုံးသန့်ရှင်းလှပရေးနှင့် သစ်လွင်တောက်ပအောင် ဆောင်ရွက်ထားရန်၊ နိုင်ငံ့ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ကိုဗစ်ကာကွယ်ဆေး ထိုးနှံကြရန်၊ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံများ Database ရိုက်သွင်းခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စသည်တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုမှ ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူးကြည်သာဇော်မှ ဆွေးနွေးပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးဇော်မင်းအောင်မှ မိမိလုံခြုံရေးသတိနဲ့သွားလာကြရန် ဆွေးနွေးပြောကြားသည်။ မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွန်းမှ အသက်(၁၅)နှစ်နှင့် (၁၆)နှစ်ရှိ ကျောင်းသူ/သားများအား ကျောင်းများသို့သွားရောက်၍ ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းလုပ်ဆောင်ပေးမည်ဖြစ်ကြောင်းနှင့် နိုင်ငံသားကတ် ()ကတ် ကိုင်ဆောင်ပါက ပထမကတ်ကိုသာ အတည်ပြုမည်ဖြစ်ပြီး ဒုတိယကတ်ကိုကိုင်ဆောင်အသုံးပြုမည်ဆိုပါက လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနသို့ လာရောက်သတင်းပေးပို့ရန် ဆွေးနွေးပြောကြားသည်။ မြို့နယ်လျှပ်စစ်မှူး ဦးညွန့်၀င်းမှ လျှပ်စစ်မီးများရရှိမှုနှင့် သုံးစွဲမှုများအခြေအနေကို ဆွေးနွေးပြောကြားသည်။ ထို့နောက် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ဆေးရုံအုပ်ကြီးဒေါက်တာခင်ရူပါစိုးမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံကြရန်နှင့်ဆေးရုံ၊ ဆေးခန်းဖွင့်လှစ်မှုအခြေနေများကို ဆွေးနွေးပြောကြားသည်။ မြို့နယ်ကျန်းမာ‌‌ရေးမှူး ဒေါက်တာကြူကြူသင်းမှ အရံသားဖွားသင်တန်း တက်ရောက်ပြီးသူများအား လုပ်ငန်းဆောင်ရွက်လိုပါက ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)