မိုင်းယောင်းမြို့နယ်တွင် စီမံကိန်းရေးဆွဲနိုင်ရေးညှိနှိုင်းစည်းဝေး

မိုင်းယောင်း ဩဂုတ် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ဗလမင်းထင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီက အမှာစကားပြောကြားပြီး စီမံကိန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်မိုးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရေးဆွဲရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်က သက်ဆိုင်ရာမှ ရွေးချယ်တင်ပြလာသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား စိစစ်သုံးသပ်၍ ဆောင်ရွက်ရေး၊ ပညာရေး၊ ကျန်မာရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဖြည့်စွက်ဆွေးနွေးပြီး မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးမှူးများက မိုင်းယောင်းမြို့နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်။

စိုင်းအောင်ဇော်လင်း