တိုက်ကြီး ဩဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ယမန်နေ့က မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် သစ်ကိုင်းများကြိုးကျကာ ယာဉ်ပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။
တိုက်ကြီးမြို့နယ် တာခွကျေးရွာ ရန်ကုန် - ပြည်လမ်းမကြီးပေါ်တွင် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် သစ်ကိုင်းများကျိုးကျ၍ ယာဉ်များပိတ်ဆို့မှုဖြစ်ပွားကြောင်း သတင်းအရ မြို့နယ်မီးသတ်ဉီးစီးဌာနမှ မြို့နယ်မီးသတ်ဉီးစီးမှူး ဉီးဇော်ချစ်ထက် ဉီးဆောင်သော သန္ဓေပင်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် (၁)စီးနှင့်အတူ သစ်ကိုင်းများခုတ်ထွင်ရှင်းလင်း ဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းဘေးသစ်ကိုင်းများ ကျိုးကျရာတွင် ရန်ကုန်-ပြည် လမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော ပြည်သူများနှင့် မော်တော်ယာဉ်များ ထိခိုက်မှုတစ်စုံတစ်ရာ မရှိကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)