မိုးမောက် သြဂုတ် ၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
ရှေးဦးစွာ မြို့နယ်ပြန်/ဆက် မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက စာဖတ်ခြင်းအကျိုးကျေးဇူးကို ကျောင်းသား၊ ကျောင်းသူများ နားလည်သိရှိစေရန်နှင့် စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ "ကောင်းဖို့ဖြစ်လာတာပါ" ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ နားလည် လွယ်အောင် ပုံပြင်သဖွယ် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသူ၊ ကျောင်းသားများ စာဖတ်စွမ်းရည် တိုးတက်မှုရှိလာစေရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များကို မိနစ် ၃၀ ခန့် ဖတ်ရှုလေ့လာစေခဲ့ ကြောင်း သိရသည်။
လွန်းနန်းထွေး