ပလောက် ဩဂုတ် ၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်(၉)နာရီအချိန်က ပလောက် အ.ထ.က ကျောင်းနှင့် မူလွန်ကျောင်းတို့၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ပလောက်တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ(၃၀)ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Myanopharm)အား ထိုးနှံပေးခဲ့သည်။ ဆက်လက်ပြီး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ကျောင်းသူ(၅၃)ဦးကိုလည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)