မံစီ ဩဂုတ် ၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက ဆေးရောင်ခြယ် ပြိုင်ပွဲ ကျင်းပသည်။
အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲကို ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ ကိုယ်တိုင်တီထွင် ဖန်တီးတတ်သည့် အတွေးအခေါ်များရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် အမှတ်(၄) အခြခံပညာ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၉) ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦးက ဆုများ ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်သည့် ကျောင်းသား၊ ကျောင်းသူများ အားလုံးကိုလည်း အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)