ညောင်ဦး ဩဂုတ် ၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့မှ ညောင်ဦးမြို့ အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းခြင်းလုပ်ငန်း များကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးမြို့၊ အမှတ်(၇)နယ်မြေ ဝက်ကြီးအင်းရပ်၊ အလိုတော်ပြည့် ကျောင်းတိုက်ဝင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့အတွင်း မိုးရာသီအချိန် ပေါင်းမြက်များ တူထပ်စွာပေါက်ရောက်ပြီး ရပ်ကွက်နေပြည်သူများ ခြင်းကိုက်ခြင်းကြောင့် သွေးလွန် တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် နှစ်စဉ်နှစ်တိုင်း အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့က လိုက်လံကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ခြင်းလောင်းသားပေါက် လောက်လမ်းကောင်များ ပေါက်ဖွားနိုင်သည့် ကားဝပ်ရှော့များ၊ ဆိုင်ကယ်ဝပ်ရှော့များရှိ မိုးရေဝင်ရောက်နေနိုင်သည့် တာယာကွင်းများအား ဝင်ရောက်နေသည့် ရေများကိုသွန်ပြစ်ခြင်း၊ ပေါင်းမြက်များတွင် ကပ်ညှိပေါက်ပွားနိုင်သည့် လောက်လမ်းကောင်များအား ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယနေ့တွင်လည်း အမှတ်(၇)နယ်မြေ၊ ဝက်ကြီးအင်းရပ်အတွင်း ခြင်ပေါက်ပွားနိုင်သည့်နေရာများ၊ ခြင်ခိုအောင်းနိုင်သည့် နေရာများအား ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို ညောင်ဦးမြို့၊ အမှတ် ၅ အရန်မီးသတ်တပ်ဖွဲ့မှ ကူညီ၍ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း၊ ခြင်ဆေးဖျန်းလိုပါက အမှတ်-၅ အရန်မီးသတ်သို့ အကူအညီတောင်းခံကာ ၀၉၄၀၁၃၄၄၀၅၇၊ ၀၉၈၈၀၁၅၁၁၉၁ သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်းလည်း သိရသည်။
ကိုကြေးမုံ