ညောင်ဦး ဩဂုတ် ၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေမီးသတ်စခန်း၏ အရှေ့မြောက်ဘက် ၄ ဖာလုံခန့်အကွာ၊ စဉ့်ကူတိုက်နယ် ဆုံကုန်းရပ် နှစ်သက်တမ်း ၁၀၀ ခန့်ရှိ မန်ကျည်ပင်ကြီးသည် မိုးရွာသွန်းမှုများခြင်းကြောင့် မြေသားခိုင်မာမှုမရှိပဲ ယမန်နေ့ည ၈ နာရီအချိန်ခန့်က လဲကျကာ အိမ်ပိနေခြင်းကြောင့် စဉ့်ကူနယ်မြေမီးသတ်စခန်းမှမီး သတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အိမ်ပေါ်လဲကျနေသည့် မန်ကျည်းပင်ကြီးအား စဉ့်ကူနယ်မြေ မီးသတ်စခန်းမှ တပ်ကြပ်ကြီး ဇော်မင်းသိန်းဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့များက လူနေအိမ်ပေါ်ပိနေသည့် မန်ကျည်းပင်ကြီးအား ဝိုင်းဝန်းရှင်းလင်းလျက်ရှိကြောင်း၊ မန်ကျည်းပင်ကြီးသည် နှစ်သက်တမ်း ၁၀၀ ခန့်၊ ပင်စည်လုံးပတ် ၁၀ ပေပတ်လည်၊ အမြင့်ပေ ၅၀ ခန့်ရှိပြီး ထိုမန်ကျည်းပင် လဲကျမှုဖြစ်စဉ်ကြောင့် နေအိမ်အဆောက်အအုံ အမိုးစွန်းတစ်ခြမ်းနှင့် အိမ်မကြီးနောက်ကျောဘက်ရှိ တဲတစ်လုံးတို့ ပျက်စီးခဲ့ကြောင်း၊ အခြားလူနှင့် တိရစ္ဆာန်ပျက်စီးဆုံးရှုံးမှု မရှိကြောင်းသိရကာ သန္ဓေမီးသတ်တပ် ဖွဲ့မှ ၄ ဦး၊ အရန်မီးသတ်မှ ၅ ဦး၊ မီးငြိမ်းသတ်ယာဉ် ၁ စီးတို့ဖြင့် အိမ်ပေါ်လဲကျနေသည့် မန်ကျည်းပင်အား ရှင်းလင်းပေးနေကြောင်း သိရသည်။
ကိုကြေးမုံ