တာချီလိတ် ဩဂုတ် ၉
ရှမ်းပြည်နယ်( အရှေ့ပိုင်း)၊ တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား( ၂)မှ ထိုင်းနိုင်ငံသား ဒါရိုက်တာအား မြန်မာတာဝန်များနှင့်( TBC)က ထိုင်းနိုင်ငံသို့ ယနေ့နံနက် ၉ နာရီအချိန်က တရားဝင်လွဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
စစ်ဒေသ( ၁၇၁)၊ UWSA (ဝ)အဖွဲ့မှ ဇွန်လဆန်းက နယ်မြေအတွင်းတရားမဝင် ဝင်ရောက်လာသဖြင့် ခေါ်ယူထိန်းသိမ်းထားသည့် ထိုင်းနိုင်ငံသား ဒါရိုက်တာ နိုင်းလာ့မိုက်မိုရီဖန်း( ခ)ဒဲန်နီ ကို ဇူလိုင်လ (၇)က် ညနေ ၄ နာရီအချိန် တာချီလိတ်တပ်နယ်တွင် စစ်ဘက် နယ်ဘက်မှမြန်မာတာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ပြီး မြန်မာတာဝန်ရှိသူများက နှစ်နိုင်ငံသဘောတူညီချက်အရ ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
စစ်ဒေသ(၁၇၁)ဝမ်ဟုန်တွင်တရားမဝင် ဝင်ရောက်လာသော ထိုင်းနိုင်ငံသားဒါရိုက်တာသည် ၎င်း၏ဆန္ဒသဘောအရ မူးယစ်ဆေးဝါးဖြတ်ပေးရန် အကူအညီတောင်းခံလာသဖြင့် ဝမ်ဟုန်ဒုရုံးအုပ်က အချုပ်ထဲတွင်ထိန်းသိမ်းကာ မူးယစ်ဆေးဖြတ်ပေးခဲ့ပြီးနောက် မြန်မာတာဝန်ရှိသူများထံ လွဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဆေး ( ပြန်/ဆက်)