ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်းကျင်းပ

ဒဂုံတောင်  ဩဂုတ်  

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌  စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ် Book Club အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများ စုစည်း၍ စာရေးဆရာ နေစိုသော် ရေးသားသည့်အဝိဇ္ဇာဝတ္ထုတိုပေါင်းချုပ်စာအုပ်ပါအကြောင်းအရာ များအား စာရေးသူ စာရေးဆရာ နေစိုးသော် (မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးခင်မောင်စိုး) ဦးဆောင်ဆွေးနွေးခဲ့ပြီး စာပေဝါသနာရှင်များက အပြန်အလှန်ဆွေးနွေးကာ ရေးသူဖတ်သူ  စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးကြသည်။

ထို့နောက်တက်ရောက်လာသည့် စာပေချစ်သူများက ဆရာ၏ရေးသားမှုနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ စာရေးသူမှ စာအုပ်ပါအကြောင်းအရာများကို  ပြန်လည်ရှင်းလင်း ဖြေကြားပေးပြီး အဆိုပါစာအုပ်အား ဖတ်ရှုလိုပါက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လာရောက်၍ အခမဲ့ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

ကျော်စွာမိုး