ကွမ်းခြံကုန်း ဩဂုတ် ၈
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်မူဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်မြို့နယ်၌ တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်လေ့လာခြင်း အခမ်းအနားကို ယမန်နေ့က အ.ထ.က(၁) သီရိရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ရန်ကုန်တိုင်း ဒေသကြီး ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမူး ဦးပြေဟိန်းနိုင်က ဝန်ကြီးဌာန မိတ်ဆက်ခြင်းနှင့် TA\LT ဆရာဆရာမများ ခန့်ထားခြင်း အကြောင်းအရာများ ရှင်းလင်းပြောကြားပြီး လူမူဝန်ထမ်းဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင် ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်သီတာအောင်က မသန်စွမ်းသူများ၏ အခွင့်ရေးဆိုင်ရာ အကြောင်းအရာ ရှင်းလင်းပြောကြားခြင်း၊ ကွမ်းခြံကုန်းမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူရမှ ပန်းခင်း စီမံချက် ကွင်းဆင်းဆောင်ရွက်မှု အကြောင်းအရာများအား ရှင်းလင်း ပြောကြားခြင်းနှင့် ကွမ်းခြံကုန်းမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သန်းက သမဝါသမအကြောင်း သိကောင်းစရာများ ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းရင်သားအခွင့်ရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းမှ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေများ ရည်ရွယ်ချက်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး စာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌ မန်းသန်းဝင်းဦး၊စာပေနှင့်ယဉ်ကျေးမူအတွင်းရေးမူး မန်းသန်းဌေး၊ကွမ်းခြံကုန်းမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်ကြီး သီဟန်ထွန်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးရဲတင့် တို့က တက်ရောက် ခဲ့ကြောင်း သိရသည်။
ထို့နောက်တက်ရောက်လာသည့် TA/LT ဆရာဆရာမများအား ရပ်ရွာအခြေပြု အသက်မွေးဝမ်းကြောင်း ပညာလိုအပ်ချက်ကိုစစ်တမ်း ကောက်ယူပြီး စုပေါင်း အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း တက်ရောက်လာသူများအား ကရင်စာပေနှင့် ယဉ်ကျေးမူအဖွဲ့မှ ကရင်ဒုံးယိမ်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
ဆွေနွယ်(IPRD)