မိုင်းဖြတ်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၌ ​ကျောက်​ချောလမ်း​ ဆောင်ရွက်​နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်​ဆေး

မိုင်းဖြတ် သြဂုတ် ၇

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ် မြို့နယ်တွင် မြို့နယ်တည်​ဆောက်​ရေးလုပ်ငန်းစိစစ်​ရေး​ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယမန်​နေ့နံနက် ၈နာရီခွဲက ကွက်သစ်ရပ်ကွက်၌  မြို့နယ်စည်ပင်သာယာ​ရေးဌာနမှ ​ဆောင်ရွက်သည့် ​ကျောက်ချောလမ်း ​ဆောင်ရွက်​နေမှုအား ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့​​ကြောင်း သိရသည်။

ထိုသို့ စစ်​ဆေးရာတွင်  မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် ​ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာ​ရေးဌာနမှ အမှု​ဆောင်အရာရှိ ဦးစိုင်း​အေးမင်းနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် စျေးတန်း(ကွက်သစ်)ရပ်ကွက်၊ (၁၅)လမ်းတွင် ခွင့်ပြုရန်ပုံငွေ (၇.၉)သန်းဖြင့် မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ယူဆောင်ရွက်သည့် လမ်းအရှည် ၄၀၀​ပေ၊ အကျယ် ၁၂​​ပေ၊ ထု ၉လက်မ အတိုင်းအတာရှိ ကျောက်ချောလမ်းဆောက်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာ​ရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ​ဒေါ်ရည်မွန်သန့်က လိုက်လံရှင်းလင်းပြသခဲ့​ရာ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လုပ်ငန်းသတ်မှတ်အရည်အ​သွေး ပြည့်မီ​ရေး၊ အချိန်မီ​ဆောင်ရွက်ပြီးစီး​ရေးတို့ကို ​​​မှာကြားခဲ့​ကြောင်းသိရသည်။

​သန်းထွန်း​အေး