ကျိုင်းတုံမြို့နယ်တွင် ဝါတွင်း ၃လ ကာလအတွင်း  စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ကျိုင်းတုံ သြဂုတ် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဝါတွင်း ၃လ ကာလအတွင်း စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက် ၆နာရီက ရပ်တော်မူဘုရားကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်း၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်‌ရောက်‌‌လောင်းလှူခဲ့ကြသည်။ အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကျိုင်းတုံမြို့ပေါ်ရှိ သံဃာတော်( ၂၇၀ )ပါး၊  သီလရှင် ( ၂၉ )ပါး၊ စုစုပေါင်း ( ၃၀၀ ) ပါး လောင်းလှူနိုင်ခဲ့ ပါသည်။

ကျိုင်းတုံမြို့၌ ဝါတွင်း ၃လ ကာလအတွင်း  စုပေါင်းဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပခြင်းကို မဟာမြတ်မုနိဘုရားကြီးတွင် ( ၆ ) ကြိမ်၊ ရပ်တော်မူဘုရားကြီးတွင် ( ၅ ) ကြိမ်၊ စုစုပေါင်း ( ၁၁ ) ကြိမ်ထိ ရပ်မိရပ်ဖဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ဝါတွင်း ၃ လကာလအတွင်း စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိန်သန်း (ပြန်/ဆက်)