ဟိုပန် ဩဂုတ် ၆
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ၊ ဟိုပန်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားနေသော အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူ များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ဩဂုတ်လ(၃)ရက်နေ့မှ စတင် ထိုးနှံပေးခဲ့ရာ ယနေ့အထိ ကျောင်းသား(၃၇၁)ဦး၊ ကျောင်းသူ(၃၂၄)ဦး စုစုပေါင်း (၆၉၅)ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ထံမှ သိရသည်။
ကျောင်းအခြေပြု အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူ များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံရာ၌ ယနေ့တွင် ဟိုပန်မြို့နယ်၊ ပန်ကောက်ကျေးရွာရှိ၊ အထက(ခွဲ)ကျောင်း၊ ကောင်းကော်ကျေးရွာရှိ အလကကျောင်း၊ နောင်ဟေ့ကျေးရွာရှိ မူလွန်ကျောင်း၊ ရုံးကုန်းရပ်ကွက်နှင့် စီးလုံ၊ မန်မိုင်၊ မုန်းကွန်ရှမ်း ကျေးရွာများရှိ အမကကျောင်းများ စုစုပေါင်းစာသင်ကျောင်း(၇)ကျောင်း စသည့် စုရပ်နေရာများ ၌သက်ဆိုင်ရာ ဆေးထိုးအဖွဲ့များက နယ်လှည့်ကွင်းဆင်း၍ ဆက်လက်ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)