ကျိုင်းတုံ ဩဂုတ် ၅
ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစည်သူအောင်က ပြည်နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်အခမ်းအနားကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(ရှမ်းအရှေ့) ဒေါက်တာဝင်းလဲ့ထွဋ် က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဩဂုတ်လ ဒုတိယပတ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ် အခမ်းအနားကျင်းပပြုလုပ်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက ပြည်နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်အခမ်းအနားကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)