တောင်သာမြို့ (Community Centre)ခန်းမ၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ

တောင်သာ ဩဂုတ် ၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန ( Community Centre  )ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က လူကုန်ကူးမှုတားဆီး ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ( Talk Show ) အား ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                                                     

အဆိုပါ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ( Talk Show) အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်မှ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး အသိပညာပေးနှင့်ပတ်သတ်၍ ပြည်သူများ သိသင့်သိထိုက်သည်များကို ဆွေးနွေးမေးမြန်းပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးရန်နိုင်စိုးက လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအသိပညာပေးနှင့် ပတ်သက်၍   ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးရန်နိုင်စိုးက လူကုန်ကူးမှုတားဆီးကာကွယ်ရေး  အသိပညာပေးဆွေးနွေးပွဲတွင်  လူကုန်ကူးမှုဆိုသည်မှာ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှု အမျိုးအစားများ၊ လူကုန်ကူးရောင်းဝယ်မှုဖြစ်ရသည့် အကြောင်းရင်းများနှင့် ဆိုးကျိုးများ လူကုန်ကူးမှု ကျူးလွန်ပါက ကျခံရမည့် ပြစ်ဒဏ်များ  စသည်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)