သိန္နီမြို့နယ်တွင် အခြေခံမဲစာရင်းများ မှန်ကန်ရေး IVLS ဆော့ဝဲ(လ်)ဖြင့် ရေးဆွဲပြုစုခြင်းဆောင်ရွက်

သိန္နီ ဩဂုတ် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် အခြေခံမဲစာရင်းများ မှန်ကန်ရေး IVLS ဆော့ဝဲ(လ်)ဖြင့် ရေးဆွဲပြုစုလျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများအား ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လူဦးရေစာရင်းဖြင့် တိုက်ဆိုင်စစ်ဆေး၍ ပထမအကြိမ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လူဦးရေ (၅၄၇၆၉) တင်ပြခဲ့ရာ အဆိုပါ လူဦးရေစာရင်းများကို ပြန်လည်စိစစ်နိုင်ရေးအတွက် IVLS ဆော့ဝဲ(လ်) Initial Voter List Scrutinizer ဖြင့် ရပ်ကွက်/ကျေးရွာ (၃၆)အုပ်စုအား စာရင်းပြုစုလျက်ရှိသည်။ အခြေခံမဲစာရင်းများ မှန်ကန်နိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများရှိ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများဖြင့် နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။ IVLS ဆော့ဝဲ(လ်) ရေးသွင်းရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ပတ်သက်၍စိစစ်ခြင်း၊ မွေးသက္ကရာဇ်များကို တိုက်ဆိုင် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ပြည်ထောင်စုရွေးရောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ ဦးစီးအရာရှိ ဦးသက်နိုင်ထွန်းထံမှ သိရသည်။

စောဥမ္မာ(သိန္နီ)