ဘားအံ ဩဂုတ် ၅
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀:၀၀)အချိန်ခန့်က ဘားအံမြို့ အုန်းတပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အုန်းတပင်ကျေးရွာ အခြေခံပညာအထက်ကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှသိန်းက အဖွင့်အမှာ စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က လူငယ်နှင့် အကျင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နော်ဩသျှာဖောက လူငယ်နှင့် အားကစားဆိုင်ရာများကိုလည်းကောင်း အသီးသီးအသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရ သည်။
ထိုနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး လက်ခံရယူခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)