နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်

နောင်ချို ဩဂုတ် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club Women Club နှင့် Youth Club အသင်းတို့ ပူးပေါင်း၍ စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားထားသော “ပျော်ရွှင်ခြင်း ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက  စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီးနောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ စာပေချစ်မြတ်နိုးသူများ Book Club အသင်း ဥက္ကဋ္ဌ ဦးပေါင်ခန့်လန်၊ အဖွဲ့ဝင် ဦးမြို့ကျော်နှင့် ဦးကျော်သန်း၊ Women Clubအဖွဲ့ဝင် ဒေါ်ရွှေဇင်ဦးတို့က စာရေးဆရာ ကျော်ကျော်လှိုင်၏ ပျော်ရွှင်ခြင်းစာအုပ်ပါ အကြောင်းအရာများကို အသီးသီးဆွေးနွေးကြရာ တက်ရောက်လာကြသော စာပေချစ်သူများက ၎င်းတို့ဖတ်ရှုထားသည့် အကြောင်းအရာများ၊ ထင်မြင်ယူဆချက်များကို မိမိတို့ဘဝနှင့်ယှဉ်၍ ရရှိထားသော အသိပညာများဖြင့် ပေါင်းစပ်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဖွဲ့စည်းထားသော (Club) အဖွဲ့များဖြင့်လည်းကောင်း၊ စာပေဝါသနာရှင်များဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre)၌ လစဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)