­­မိုင်းဖြတ်မြို့နယ်၌ ပြည်သူများ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မိုင်းဖြတ် ဩဂုတ် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြည်သူများငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၉နာရီက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့မဈေးရှေ့ ပြည်ထောင်စု လမ်းမကြီးပေါ်နှင့် မြို့မဈေးတို့တွင် ပူးပေါင်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဖြန့်ဝေပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးချမ်းမျိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်ထွန်းနှင့်ဝန်ထမ်းများနှင့် တာဝန်ရှိဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်သီတာဝင်းနှင့်အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်၌ ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ငလျင်လှုပ်နေစဉ် လိုက်နာရန်အချက်များ/ ရှောင်သင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက်ပြုလုပ်ရန် အချက်များ/ ရှောင်ရှားသင့်သည့်အချက်များ စသည့်အသိပညာပေး စာများပါရှိကြောင်း သိရသည်။

သန်းထွန်းအေး