ဟိုပန်၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်

ဟိုပန် ဩဂုတ် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌  အများပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်း​စေရေးအတွက် ယနေ့နံနက်(၉)နာရီက  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့သည်။

လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင်အမှတ်(၁၂၉)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး(ဟိုပန်)မှ ဒုတိယရဲမှူး ထွန်းဇော်မျိုး ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နယ်ထိန်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဟိုပန်မြို့ မြို့လယ်လမ်းဆုံ၌ လှုပ်ရှားသွားလာနေသော အများပြည်သူများအား ယာဉ်အန္တရယ်ကင်းရှင်း​စေရန် အသိပညာပေးဟောပြောခဲ့ပြီး မော်တော်ဆိုင်ကယ်မောင်းနှင့်စီးနင်းရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေများစသည့် အချက်များပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်(၂၀၀)စောင်အား အခမဲ့ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)