ကျိုင်းတုံမြို့၌ မီးဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ငွေများပေးအပ်

ကျိုင်းတုံ ဩဂုတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ နွဲ့နောရပ်တွင် ယမန်နေ့ နံနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည့် မီးဘေးသင့် အိမ်ထောင်စုအား   ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများက ဩဂုတ် ရက် မွန်းတဲ့ ၁၂ နာရီခွဲတွင်  သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးသိန်းတန်နှင့် တာဝန်ရှိသူများက ကျိုင်းတုံမြို့ အမှတ်(၄)ရပ်ကွက်၊ နွဲ့နောရပ်ရှိ မီးဘေးသင့် အိမ်ထောင်စုဝင်အား အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် ၂ သိန်း၊  မီးဘေးတွင် သေဆုံးသွားသည့် အမျိုးသား(၁)ဦးအတွက် ထောက်ပံ့ငွေကျပ် ၃ သိန်းနှင့် မီးဘေးသင့် အိမ်ထောင်စုဝင် (၂)ဦးအတွက် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ  မီးဘေးသင့်အိမ်ထောင်စုဝင်များအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့ပေးသော ငွေကျပ် ၈ သိန်းခွဲ တန်ဖိုးရှိ မိသားစုသုံးပစ္စည်းများ၊ တစ်ကိုယ်ရေသုံးပစ္စည်းများကို  မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးသိန်းထိုက်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးရန်နိုင်ထွန်းတို့က သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)