ကော့ကရိတ် သြဂုတ် ၅
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ် ဘောလုံးအားကစား သမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား (အမျိုးသား) အလွတ်တန်းဘောလုံးပြိုင်ပွဲကို မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ညနေ ၃ နာရီခွဲ ချိန်တွင် ဆက်လက်ကျင်းပရာ ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု့အားပေးခဲ့ကြသည်။
အဆိုပါပွဲစဉ်သည် ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များမှ နဘူးတိုက်နယ်အသင်းနှင့် အမှတ်(၇)ရပ်ကွက် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ နဘူးတိုက်နယ်အသင်းမှ အမှတ်(၇) ရပ်ကွက်အသင်းကို ရလဒ် (၃ )ဂိုး(၁)ဂိုး ဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ယနေ့ညနေ ၃ နာရီခွဲ အချိန်တွင် မြို့မအားက စားကွင်း၌ အမှတ်(၂)ရပ်ကွက်အသင်းနှင့် ရေကျော်ကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ရာ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)