ဒက္ခိဏသီရိ ဩဂုတ် ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်များ၌ ဖြစ်ပွားတက်သည့်ရောဂါများအကြောင်း အသိပညာပေးကွင်းဆင်းဟောပြောခြင်းကို ဩဂုတ်လ (၃)ရက်နေ့က ရွှေခဲအင်းကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ထက်မမဖြိုးက ကျွဲ၊ နွားများတွင် ဖြစ်ပွားတက်သည့် ခွာနာလျှာနာ ရောဂါအကြောင်း၊ အရေပြားအကျိတ်နာ ရောဂါအကြောင်း၊ ဒေါင့်သန်းရောဂါအကြောင်း၊ ဝက်များတွင်ဖြစ်ပွားတက်သော အာဖရိကဝက်အပြင်းဖျားရောဂါအကြောင်း၊ ဝက်ဝမ်းကျရောဂါများအကြောင်း၊ ကာကွယ်ဆေး၏ အကျိုးအာနိသင်များအကြောင်းနှင့် တိရိစ္ဆာန်အစာပင်(နေပီယာမြက်)များ စိုက်ပျိုး၍ ကျွဲ၊ နွားများအား လွှတ်ကျောင်းစနစ်မှ ခြံလှောင်မွေးမြူ စနစ်သို့ပြောင်းလဲမွေးမြူခြင်းဖြင့် ရောဂါကူးစက်မှုကိုသက်သာစေ၍ မွေးမြူရေးအောင်မြင်ဖြစ်ထွန်းစေပြီး မိသားစုဝင်ငွေကိုတစ်ဖတ်တစ်လမ်းမှတိုးပွားစေကြောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် မွေးမြူရေးလုပ်ငန်းလိုင်ကိုင်သည့် ကျေးလက်နေပြည်သူများအား အခြေခံတိရိစ္ဆာန်ကျန်းမာရေး လုပ်သားများမှ မွေးမြူရေးဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ကိုကို(ခရိုင်ပြန်/ဆက်)