ဗဟန်းမြို့ (Community Centre) ၌ ကြက်​ခြေနီအသင်းခွဲ မြို့နယ်အဆင့်အမှု​ဆောင်များ ၂၀၂၁​ ခုနှစ်၊ ငွေစာရင်းရှင်းတမ်းနှင့်​ ရှေ့လုပ်ငန်းစဉ်များ လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကျင်းပ

ဗဟန်း သြဂုတ် ၄

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့၊ မွန်းလွဲ ၁ နာရီက ဗဟန်းမြို့နယ် ကြက်​ခြေနီအသင်းခွဲ မြို့နယ်အဆင့်အမှု​ဆောင်များ ၂၀၂၁​ ခုနှစ်၊ ငွေစာရင်းရှင်းတမ်းနှင့်​ ရှေ့လုပ်ငန်းစဉ်များ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအ​ဝေးတွင်မြို့နယ် ကြက်​ခြေနီအသင်းခွဲဥက္ကဋ္ဌ ​ဒေါ်စိုးစိုးခိုင်က အဖွင့်အမှာစကား​ပြောကြားပြီး အတွင်း​ရေးမှူးဦး​အောင်ကိုဦးမှ​ ငွေစာရင်းနှင့်​ ရှေ့လုပ်ငန်းစဉ်များ​ ရှင်းလင်းဆွေး​နွေးတင်ပြခြင်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးတင်သိန်းမှ​ ငွေစာရင်းများအား စာရင်းစစ်​ဆေးခံနိုင်​သည်အထိ တိကျစွာ​ဆောင်ရွက်ထားရန် အကြံပြု​​ဆွေး​နွေး​ပြောကြားခဲ့သည်။

ထို့​နောက်တက်​ရောက်လာသူများမှ​ ရှေးလုပ်ငန်းစဉ်များ​ကို​ ဆွေး​နွေးခဲ့ကြပြီး အဆိုပါအစည်းအ​ဝေးသို့အဖွဲ့ဝင် စုစု​ပေါင်း (၁၀) ဦး တက်​ရောက်ခဲ့ကြ​ကြောင်း သတင်းရသည်။

စန္ဒာမိုး