စမ်းချောင်း သြဂုတ် ၄
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသည်းရောင်အသားဝါရောဂါအကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Showတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ငြိမ်းချမ်းဝင်းက Talk show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အသည်းရောင် အသားဝါရောဂါအကြောင်း အသိပညာဗဟုသုတရရှိစေရန် မေးမြန်းခဲ့ရာ စာရေးဆရာမ ပေါက်ပေါက်က အသည်းရောင်အသားဝါ ကူးစေတတ်သည့် အကြောင်းအရာများ၊ ရှောင်ကြဉ်ရမည့်နည်းလမ်းများ ရောဂါဖြစ်ပွားပါက လိုက်နာရမည့်နည်းလမ်းများ စားသောက်ရမည့် အစားအသောက်များစသည့် အကြောင်းအရာများကို ပြည်သူများသိရှိစေရန် ပြောကြားခဲ့ကြောင်း သတင်းရသည်။
ခင်ငြိမ်းချမ်းဝင်း