လှိုင်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ

လှိုင် ဩဂုတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန်အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား / သူ များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် (sinopharm) နှင့် ဒုတိယအကြိမ် (sinopharm) ကို ယမန်နေ့က PLEIC လှိုင်ကိုယ်ပိုင်ကျောင်းတွင် ကိုဗစ်-​၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ  ယနေ့တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား/သူ ၅၀ ဦး ထိုးနှံပြီးဖြစ်ကြောင်းနှင့် အသက် ၁၂ နှစ်အထက် ကျန်ရှိနေသော ကျောင်းသား/သူများကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးသွားမည်​ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရသည်။

ကျော်ရဲအောင်  (ပြန်/ဆက်)