အလုံမြို့နယ် အမှတ်(၄)အ​ခြေခံပညာမူလတန်း​ကျောင်းသို့ ​ရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်၊ စာ​စောင်များ ကွင်းဆင်းငှားရမ်း​ပေး

အလုံ သြဂုတ် ၃

ကျောင်းသား၊ လူငယ်များ စာ​​ပေနှင့်ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်သည့် အ​လေ့အထများရရှိ​စေရန်နှင့် အသိပညာဗဟုသုတများ ရရှိ​စေရန်အတွက် ရည်ရွယ်ကာ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှဝန်ထမ်းများသည် ယ​နေ့နံနက် ၁၀ နာရီအချိန်က အလုံမြို့နယ်အမှတ်(၄)အ​ခြေခံပညာမူလတန်း​ကျောင်းတွင် ​ရွေ့လျား စာကြည့်တိုက်ဖြင့် စာအုပ်၊ စာ​စောင်များ ကွက်းဆင်းငှားရမ်း​ပေးခဲ့​ကြောင်း သိရသည်။

ထိုသို့​ဆောင်ရွက်ရာတွင် အလုံမြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ​ဒေါ်ခိုင်ဇာလင်းက စာဖတ်ခြင်း၏အကျိုး​ကျေးဇူးနှင့် စာကြည့်တိုက်ဝန်​ဆောင်မှု လုပ်ငန်းများအ​ကြောင်းကို ​ဟော​ပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်​ပြောပြခြင်း၊ စကားပုံဆက်ခြင်း၊ Memoery Game ကစားခြင်းနှင့် ရုပ်ပြစာအုပ်(၅၀)အုပ်တို့ကို ငှားရမ်း​ပေးခြင်းများကို ​ဆောင်ရွက်ခဲ့သည်။

အလုံမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် အဆိုပါရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်၊ စာ​စောင်များငှားရမ်း​ပေးခြင်းကို မြို့နယ်အတွင်းရှိ အ​ခြေခံပညာ​ကျောင်းများသို့ လစဉ်ကွင်းဆင်း​ဆောင်ရွက်လျက်ရှိ​ကြောင်း သတင်းရရှိသည်။

တင်တင်ချို