မိုင်းယောင်း၌ ကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ

မိုင်းယောင်း ဇူလိုင် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်တပ်ကျေးရွာအုပ်စု၊ ဝမ်တပ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း  ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့က အဆိုပါကျောင်းဆောင်ရှေ့၌ ကျင်းပသည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ်ဆိုင်းဘုတ်အား ပရိတ်နံ့သာ ရည်ဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။

RCC တစ်ထပ်၊ အလျားပေ ၆၀၊ အနံပေ ၃၀ အကျယ်ရှိ ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ တက်ရောက်ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း