မဟာအောင်မြေ ဩဂုတ် ၃
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်ရှိ ဂေါဝိန်နယ်မြေမီးသတ်စခန်းတွင် သံကူကွန်ကရစ်(RC)နှစ်ထပ် ဆောက် လုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သံကူကွန်ကရစ်(RC)နှစ်ထပ်ဆောင်ကို (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်မည်ဖြစ်ပြီး အလျား ၄၅ ပေ၊ အနံ ၅၀ ပေနှင့် အမြင့် ၂၆ ပေရှိသည့်အဆောက်အအုံဖြစ်ကြောင်း၊ တင်ဒါအောင်မြင်သည့် တက်နေဝန်းကုမ္ပဏီက တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး အဆောက်အအုံ ပန္နက်တင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ မီးသတ်စခန်းရှိ အဆောက်အအုံ ဆောက်လုပ်မည့်နေရာတွင်ပြုလုပ်ရာ ရေကြောင်းရဲတပ်ဖွဲ့ခွဲမှ ရဲမှူးဦးဝင်းမျိုးဟိန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးညွန့်ဝင်းအောင်၊ အရန်မီးသတ်တပ်ခွဲမှူး ဦးကိုလေးတို့က တက်ရောက်ခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း