မိတ္ထီလာ၌ ဘောလုံးဒိုင်လူကြီးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ ဩဂုတ် ၃

မိတ္ထီလာ၌ ခရိုင်အားကစားနှင့် ကာပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သော ၂ဝ၂၂ ခုနှစ် ဘောလုံးဒိုင်လူကြီးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ခရိုင်အားကစားကွင်း မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပကြောင်းသိရသည်။

အဆိုပါ ဘောလုံးဒိုင်လူကြီးသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက အမှာစကားပြောကြားသည်။ ထိုနောက် သင်တန်းတွင် သင်ကြားပို့ချမည့် သင်တန်းနည်းပြများနှင့် သင်တန်းသူ သင်တန်းသား များက တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားသည်။ ၎င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးဟန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေး၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးသန်းနိုင်၊ သင်တန်းနည်းပြများနှင့် သင်တန်းသူ၊ သင်တန်းသားများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။

အဆိုပါသင်တန်းအား ဩဂုတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသို့ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းနှင့် သာစည်မြို့နယ်များမှ သင်တန်းသူသင်တန်းသား ၄၈ ဦး တက်ရောက်ကြောင်း သိရသည်။

ချမ်းသာ