ကရသူရိ ဩဂုတ် ၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် တစ်ပိုင်တစ်နိုင်ဟင်းသီးဟင်းရွက် စိုက်ပျိုးမှုကြောင်း မိသားစုအပိုဝင်ငွေရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
တစ်ပိုင်တစ်နိုင်ခြံစိုက်ပျိုးမှုကြောင်း စားဝတ်နေရေးအဆင်ပြေပုံနှင့်ပတ်သက်ပြီး စိုက်ပျိုး လုပ်ကိုင်သူတစ်ဦးက "တစ်ပိုင်တစ်နိုင် ရာသီပေါ်ဟင်းသီးဟင်းရွက်တွေမျိုးစုံ စိုက်ပျိုးထားတယ်။ အဓိကတော့ ဒေသအကြိုက် ကန်စွန်းရွက်၊ ချဉ်ပေါင်၊ မုန်လာဥ၊ ဆူးပုတ်ရွက်နှင့် ငရုတ်သီးကို အဓိကထားစိုက်ပျိုးတယ်။ ငရုတ်သီးတစ်ဗူးကို (၅၀၀)ကျပ်ရရှိပြီး ကျန်တာကိုတော့ တစ်စည်းကို (၂၀၀)ကျပ်ရရှိတယ်။ ဒီလိုဘဲဟိုနည်းနည်း ဒီနည်းစုပေါင်းရောင်းရင်တော့ တစ်နေ့ကို ဝင်ငွေ(၁၀၀၀၀)ကျပ်ကျော်ထိရရှိနေပြီး မိသားစုအတွက် ဝမ်းရေးဖြည့်တင်းနေရတော့ပေါ့ဟု" စိုက်ပျိုး လုပ်ကိုင်နေသူတစ်ဦးကပြောကြားသည်။
ကိုဗစ်-၁၉ ကာလာဖြစ်ပွားပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအနေဖြင့် အခြေခံစားသောက်ကုန်များနှင့် ကုန်ဈေးနှုန်းများတဖြည်းဖြည်းမြင့်တက်လျက်ရှိရာ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများက ဈေးနှုန်းမှန်ကန်တည်ငြိမ်ရေးအတွက် စစ်ဆေးမှုများနှင့်အရေးယူမှုများ ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။
ကရသူရိ(ပြန်/ဆက်)