သံတောင်ကြီးမြို့နယ် Community  Centre  ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

သံတောင်ကြီး ဩဂုတ် 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်  စာဖတ်ခြင်း၏ အကျိုးကျေးဇူးသိရှိစေရန် လူငယ်လူရွယ်များ အကောင်းအဆိုး၊ အမှားအမှန်နှင့် အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန်ရည်ရွယ်ပြီး ( Book Club) ဖွဲ့ဝင်များက စာရေးဆရာဦးမော်မော့်မောင်၏ အဖြူရောင်ခမည်းကြက်နှင့် အခြားဝတ္ထုတိုများအား ယနေ့နံနက် (၀) နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community   Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်နော်နီလာအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များရှင်းလင်းပြောကြပြီး (Book Club) အဖွဲ့ဝင်နော်ခူဂေက စာအုပ်ပါကြောင်းအရာတွင် ခေါင်းစဉ်ငယ်ဖြစ်သည့် ပင်လယ်ထဲကမျက်ကန်းများ၊ ဂြိုလ်ပြာသူ၊ စာအုပ် ဘိုးဘိုးကြီး၊ နှစ်ကိုယ်ခွလိပ်ပြာ၊ ကြောင်ကြီးရယ်မြီးတံတို၊ အနီးမှုန်စသည်တို့ကို ဖတ်ကြားဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး   (Book Club) ဖွဲ့ဝင် စောလိုဖိုးကမြင်းမိုရ်လက်ရေး၊    ရေဒီယိုဇတ်လမ်းကောက်စား၊ အဖြူရောင်ခမည်းကြက်စသည့် ကြောင်းအရာများကို ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာသည့် (Book Club) အဖွဲဝင်များက  စာအုပ်ပါအကြောင်းအရာများကို  အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

စောမင်းသား(ပြန်/ဆက်)