ဒဂုံဆိပ်ကမ်း ဩဂုတ် ၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် (၅၈၊၅၉၊၉၁) ရပ်ကွက်များတွင် GIS နည်းပညာအသုံးပြု၍ ရပ်ကွက်တည်နေရာ point များ လက်တွေ့ကွင်းဆင်း ကောက်ယူခြင်းကို ယမန်နေ့ နံနက်လည်(၁၁)နာရီက ပြုလုပ်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ ရပ်ကွက်၊ကျေးရွာ တည်နေရာ point များ ကောက်ယူခြင်းမှာ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်သည့်အနေဖြင့် GIS နည်းပညာအသုံးပြု၍ မြေပုံများရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက်များဖွဲ့စည်းခြင်း လုပ်ငန်းစဉ်သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ရန်ရှိသဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ မြို့နယ်ရုံးမှ ရပ်ကွက်၊ ကျေးရွာ point များကောက်ယူခြင်းကို Tablet (သို့) Mobile Phone များဖြင့် ၂-၈-၂၀၂၂ ရက်နေ့မှ စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် လ၀က ဦးစီးအရာရှိ ဦးအေးကျော်ထံမှ သိရပါသည်။
ရပ်ကွက်ကျေးရွာတည်နေရာ point များကောက်ယူရာ၌ စာရင်းကောက်ယူမည့် ဒေသများကျန်ခြင်း၊ ထပ်ခြင်းမရှိစေရန်အတွက် နယ်နမိတ်တိကျသည့် စာရင်းကောက် ကွက်များ၊ ပိုင်းခြားသတ်မှတ်နိုင်ရန်နှင့် စာရင်းကောက်ယူမည့်ဒေသကို မြေပုံများဖြင့် တိတိကျကျညွှန်ပြနိုင်ရန် မြို့နယ် လ၀က ရုံး၀န်ထမ်း များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အတူတည်နေရာ point များကောက်ယူခြင်းကို ဒေါ်ဖြူဖြူခိုင်(လ၀ကမှူး)ဦးဆောင်သော အဖွဲ့(၁)မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရသည်။
မြို့နယ်(ပြန်/ဆက်)