ရမည်းသင်းခရိုင်အတွင်း ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခွင့်လက် မှတ်ပေးအပ်ပွဲကျင်းပ

ရမည်းသင်း ဩဂုတ်  ၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်သစ်တောဦးစီးဌာနက ရမည်းသင်းခရိုင်အတွင်း ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည် ထောင်ခွင့်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community   Centre)ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာရမည်းသင်းခရိုင် သစ်တောဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးလက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းကရမည်းသင်းမြို့နယ်နှင့်ပျော်ဘွယ်မြို့နယ်များရှိ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်ကြို ဝိုင်းကျူကျော်ယာမြေများအတွင်း ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်စိုက်ပျိုးခြင်းလုပ်ငန်း၌ ခရိုင်အတွင်းဒေသခံအစုအဖွဲ့ပိုင်သစ်တော လုပ်ငန်းဆိုင်ရာညွန်ကြားချက်အညီ စိုက်ပျိုးသည့် တောင် သူများအားနှစ်(၃၀)စိုက်ပျိုးနိုင်ရေး အသိအမှတ်ပြုလက် မှတ်ထုတ်ပေးရခြင်းကိုရှင်းလင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဒုတိယရဲမှူးကြီး မင်းဝင်းစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်မြို့နယ်လဝက ဦးစီးမှူး ဦးရဲဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်သစ်တောဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တောင်သူအစုအဖွဲ့ပိုင် တည်ထောင်သည့်ကျေးရွာ(၇)ရွာမှအုပ်ချုပ်ရေးမှူးများနှင့် သစ်တောတည်ထောင်စိုက်ပျိုးသည့် တောင်သူများတက်ရောက်ကြပြီး တာဝန် ရှိ သူများက  ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခွင့်လက်မှတ်ကို အသီးသီးပေးအပ်ခဲ့ကြသည်။

ရမည်းသင်းခရိုင်အတွင်း ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော(၇)ရွာ၊ အဖွဲ့ဝင်ကျေးရွာသား စုစုပေါင်း(၂၃၇)ဦး၏ စိုက်ပျိုးမြေ(၁၁၃၃) ဧကတွင်သစ်တော စိုက်ပျိုးပင်(၁၆၉၉၅၀) ပင်သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းကို ၂၀၂၂ခုနှစ် မိုးရာသီတွင် တည်ထောင်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)