တာချီလိတ်မြို့၌ တတိယအကြိမ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

တာချီလိတ် ဩဂုတ် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန၏ တတိယအကြိမ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက  အဆိုပါဌာန စုပေါင်းရုံးဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး ဧည့်ပရိတ်သတ်များက သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်သည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့်ဇနီး ဒေါ်ဌေးဌေးမော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်နှင့် အလှူရှင်များက သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းပြီး သံဃာတော်အရှင်သူတို့အား နေ့ဆွမ်းဆက်ကပ်ခဲ့သည်။ အဆိုပါ တတိယအကြိမ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ဇနီးဒေါ်ဌေးဌေးမော်တို့ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်း မိသားစုများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)