ဖလမ်း ဩဂုတ် ၃
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဇူလိုင်လမှစ၍ ဖလမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ကုသနိုင်ရေးအတွက် Community Based Facility Quarantine Center၊ ကုသရေးစင်တာများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း ဖလမ်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်ရှိ ချယ်ရီခန်းမဆောင်၌ မ(၅၀)ဦး ဝင်ဆံ့ကုတင်(၅၀)လုံး၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် မ(၁၅)ဦး ဝင်ဆံ့ကုတင်(၁၅)လုံး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဂိုဒေါင်တွင် ကျား(၃၀)ဦး ဝင်ဆံ့ကုတင်(၃၀)လုံးနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းတွင် ကျား(၃၀)ဦး ဝင်ဆံ့ကုတင်(၃၀)လုံး ထားနိုင်သည့် အဆောင်တို့ကို Quarantine Center အဖြစ် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားပြီး ကုသရေးစင်တာအဖြစ် ပြည်သူ့ဆေးရုံကြီးတွင် ကျား(၃၅)ဦးနှင့် မ(၃၅)ဦး စုစုပေါင်း(၇၀)ဦး ဝင်ဆံ့ကုတင် ၇၀)လုံးအခန်းနှင့် ICU ခန်းများအဖြစ် ကျား(၁)ဦးနှင့် မ(၁)ဦး စုစုပေါင်း(၂)ဦး ဝင်ဆံ့ကုတင်(၂)လုံးအခန်းတို့ကို ပြန်လည်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဖလမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်ရေးအတွက် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေး အသိပေးဆော်ဩခြင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ Test kit ဖြင့် ပုံမှန်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ရောဂါပိုးတွေ့ရှိသူ မရှိကြောင်း သိရသည်။
ကိုရှိန်း