ဒဂုံမြို့နယ်အတွင်းရှိ​ ကျောင်းများတွင် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ဒဂုံ သြဂုတ် ၂

ရန်ကုန်တိုင်း​ဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ အလံပြဘုရားလမ်းနှင့် နဝဒေလမ်းထောင့်ရှိ အထက(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့​ နေ့လယ်၁၂:၀၀နာရီမှ ၁၃:၃၀ နာရီအချိန်ထိ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ရာ ကျောင်းသား(၁၅) ဦး၊ ကျောင်းသူ(၂၂)ဦး၊ စုစုပေါင်း(၃၇)ဦးတို့အား ထိုးနှံပေးခဲ့ပြီးကာကွယ် ဆေး(၁)လုံးလျှင် (၅)ဦးနှုန်းဖြင့် (၃၇)ဦး အတွက် ဆေးအလုံးရေ (၇.၄)လုံးအား ထိုးနှံပေးခဲ့ကြသည်။

ဆက်လက်ပြီး ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ရာ ကျောင်းသား(၈၅)ဦး၊ ကျောင်းသူ (၉၆) ဦး၊ စုစုပေါင်း (၁၈၁) ဦးတို့အား ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး(၁)လုံးလျှင် (၅)ဦးနှုန်းဖြင့် (၁၈၁)ဦးအတွက် ဆေးအလုံးရေ(၃၆.၂) လုံးအားထိုးနှံပေးခဲ့ကြရာ ပထမအကြိမ်နှင့် ဒုတိယအကြိမ်(ကျား ၁၀၀ ဦး မ ၁၁၈ ဦး စုစု​ပေါင်း၂၁၈ ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံစဉ် လုံခြုံရေးအား ရန်ကုန်တပ်နယ်မှ ဗိုလ်ကြီး သက်ညီညီမောင် ဦးစီး(၁+၅)ဦး၊ အမှတ် (၃) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုရဲအုပ် သူရဟန် ဦးစီး(၁+၄)ဦး၊ ဒဂုံမြို့မရဲစခန်းမှ ရဲတပ်ကြပ်လှဝင်းပါ (၃)ဦးတို့မှ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

​မေသန္တာ