ပြည်ကြီးမဏ္ဍိုင် ဩဂုတ် ၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီခွဲ အချိန်က ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြင့် ကလေးငယ်များအတွက် ပြင်းထန်တီဘီရောဂါ၊ ပိုလီယို အကြောသေရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ အဆုတ်ရောင်ရောဂါ၊ ဝက်သက် ရောဂါ၊ ဂျိုက်သိုးရောဂါစသည့် ရောဂါများကို ကာကွယ်ပေးမည်ဖြစ်သည်။
ကာကွယ်ဆေးထိုးနှံပေးရာသို့ ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်၊ ထင်းမယ်၊ ပျဉ်းမချောင်းနှင့် ရတနာပုံကျေးရွာရှိ (၂)လမှ(၁)နှစ်ခွဲရှိသည့် ကလေးငယ်များ လာရောက်ထိုးနှံခဲ့ကြသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)