ဗန်းမော်မြို့တွင် ငါးသယံဇာတများ တိုးပွားလာစေရန် ဧရာဝတီမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ တစ်သိန်း ငါးမျိုးစိုက်ထည့်ခြင်းဆောင်ရွက်

ဗန်းမော် ဩဂုတ် ၂   

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ရေရှည်စဉ်ဆက်မပြတ် ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေးနှင့် ငါးသယံဇာတများ တိုးပွားလာစေရန် ရည်ရွယ်၍ ဧရာဝတီမြစ် အတွင်းသို့ ငါးမျိုးစိုက် ထည့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဗန်းမော်မြို့ မြို့မရပ်ကွက်ရှိ ကမ်းသာဦး ဆိပ်ကမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။     

ထိုသို့ ငါးမျိုးစိုက်ထည့်ရာတွင် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ က ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၅၇၀၀၀)ကောင်၊ ငါးခုံးမကြီး သားပေါက် ကောင်ရေ(၄၃၀၀၀)ကောင် စုစုပေါင်း ငါးသားပေါက်ကောင်ရေ တစ်သိန်းကို ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရ သည်။

ဗန်းမော်(ပြန်/ဆက်)