သုံးခွ ဩဂုတ် ၂
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ကူးစက်ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ (အခမဲ့) ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က သုံးခွ-ရန်ကုန်သွား ကားလမ်းမဘေး အမှတ် ၅ ရပ်ကွက် မဟာစည်သာသနာ့ရိပ်သာရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၀င်(၁)ဗိုလ်မှူး၊ သန်းဇော်လင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် ၀န်ထမ်းများက မော်တော်ယာဉ်၊ ဂွန်ဒေါင်း၊ ဆိုင်ကယ်၊ စက်ဘီး၊ မောင်းနှင်သူ၊ စီးနင်းလိုက်ပါသူများ၊ လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်၍ သွားလာရန်၊ လက်ကိုမကြာခဏ စနစ် တကျဆေးကြောရန်၊ လူစုလူဝေးနေရာများသို့မသွားရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေရန်၊ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကိုမဖြစ်မနေထိုးနှံရန်၊ နှစ်ကြိမ်အပြည့်ထိုးနှံပြီးပါက သတ်မှတ်ရက်တွင် အပိုဆောင်းကာကွယ်ဆေး Boster ထပ်မံထိုးနှံရန် လိုအပ်ကြောင်း၊ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်းမရှိသူ ပြည်သူများအား နှာခေါင်းစည်း Mask များ တပ်ဆင်ပေးခဲ့ပြီး နှာခေါင်းစည်း Mask(၁၅၀၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း