ဝိုင်းမော် သြဂုတ် ၂
ဝိုင်းမော်နယ် နှစ်ခြင်းခရစ်ယာန် အသင်းများ စုပေါင်း၍ အသက် ၂၃ နှစ်အောက် အမျိုးသား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို သြဂုတ် ၁ ရက် မွန်းလွဲ ၂ နာရီက ဝိုင်းမော်မြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ် ဘောလုံးအသင်းဥက္ကဋ္ဌ ဦးကြည်ထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဝိုင်းမော်နယ်နှစ်ခြင်း ခရစ်ယာန်အသင်းတော် လူငယ်ဌာန တာဝန်ခံဦးဂလောင်းကျန်းနူးမှ ပြိုင်ပွဲကျင်းပရ ခြင်းရည်ရွယ်ချက်နှင့် စည်းမျဥ်းစည်းကမ်းများကို ပြောကြားခဲ့သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို သြဂုတ် ၁ ရက်မှ စက်တင်ဘာ ၇ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ပြိုင်ပွဲကို ဝိုင်းမော်နယ်နှစ်ခြင်းခရစ်ယာန် အသင်းများမှ လူငယ်များ ချစ်ကြည်ရင်းနှီးမှု ရရှိစေရေးနှင့် လူငယ်များမူးယစ်းဆေးဝါးကင်းစင်၍ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ဝိုင်းမော်မြို့နယ်ရှိ နှစ်ခြင်းခရစ်ယာန်အသင်းတော် ၁၆ သင်းမှ ပြိုင်ပွဲဝင်အသင်း ၁၇ သင်း အုပ်စု (၄) စုဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဖြူစင်
မြို့နယ်(ပြန်/ဆက်)