ကွမ်းလုံမြို့၌ ပန်းခင်းစီမံချက်အဆင့်-၂ ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများပြုလုပ်ပေး

ကွမ်းလုံ ဩဂုတ် ၂    

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပန်းခင်းစီမံချက်အဆင့်-၂ဖြင့် အသက် (၁၀)နှစ်ပြည့် နိုင်-၃(က)နှင့် အသက်(၁၈)နှစ်ပြည့် နိုင်-၆(က) နိုင်ငံရေးစိစစ်ရေးကဒ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောသန်းမြင့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။

ယင်းသို့ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးဦးစီးဌာနမှလည်း သွေးအုပ်စုစစ်ဆေးခြင်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက်အဆင့်-၂တွင် အသက်(၁၆)နှစ်မှ ၁၈နှစ်ကြား နိုင်-၃(က)အား ၁၈၁ဦးနှင့် အသက်(၁၈)နှစ်အထက် နိုင်-၆(က)အား  ၂၀၉၃ဦး စုစုပေါင်း (၂၂၇၄)ဦးကို ဆောင်ရွက် ပေးရန်လျှာထားပြီး ဩဂုတ်လ (၂)ရက်နေ့တွင် ကွမ်းလုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း များနှင့် မှိခိုသူမိသားစုဝင်များကို နိုင်-၃(က)အား(၂၁)ဦး၊ နိုင်-၆(က)အား၁၅ဦး၊ မှတ်ပုံတင်လဲလှယ် (၈)ဦးနှင့် မိတ္တူ(၅)ဦး စုစုပေါင်း(၅၁)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)