ရှမ်းရွာသစ်မြို့တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများ အားပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး

ရှမ်းရွာသစ်   သြဂုတ်  ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ရှမ်းရွာသစ်မြို့တွင် မွေးကင်းစမှ အသက် (၁)နှစ်ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို  ယနေ့နံနက် ၉ နာရီက ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ရှိ  မွေးကင်းစမှအ သက်(၁)နှစ်ခွဲအောက ကလေးများနှင့်  ပုံမှန်ကာကွယ်ဆေးဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင် ရွက်ရာတွင်  အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုး စပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ဆေး ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုးကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ပိုလီယိုရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ကိုယ်အလေး ချိန်ချိန်ပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံမှု စာရင်းများစနစ်တကျရေးသွင်းခြင်းနှင့် ကလေးငယ်များလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)