မိုင်းငေါ့မြို့တွင်အမှတ်(၁၀၁)ခြေမြန် တပ်မဌာနချုပ် အမှတ်(၁၀၁၃) နည်းဗျူဟာကွပ်ကဲမှု အဖွဲ့မှ နယ်လှည့်ဆေးကုသရေးအခမဲ့ ကွင်းဆင်းဆောင်ရွက်ပေး

မိုင်းငေါ့ ဩဂုတ် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ အမှတ်(၁၀၁) ခြေမြန် တပ်မဌာန ချုပ် အမှတ်(၁၀၁၃) နည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ နည်းဗျူဟာမှူး  ဗိုလ်မှူးကြီး စိုးစိုင်အောင်ဦးစီး၍ နည်လှည့်ဆေးကုသရေးအဖွဲ့ ဆေးပါရဂူ ဗိုလ်ကြီးထိန်လင်းဝင်း ဦးဆောင်သော အဖွဲ့သည် မိုင်းငေါ့မြို့ပေါ်ရှိ ပြည်သူများနှင့် အနီးဝန်ကျင် ကျေးရွာများရှိ ပြည်သူများ၏ ကျန်းမားရေးအတွက် အခမဲ့ဆေးကုသမှုကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ နယ်လှည့် ဆေးကုသရေးအဖွဲ့ ဆေးပါရဂူ ဗိုလ်ကြီးထိန်လင်းဝင်းနှင့် အဖွဲ့မှ ပြည်သူ များ၏ အထွေ ထွေရောဂါများဖြစ်သော သွေးတိုး၊ နှလုံး၊ ဆီးချို စသည့် ရောဂါများ အတွက် မြို့ပေါ်(၅)ရပ်ကွက် နှင့် ကျေးရွာများမှ ဆေးလာရောက်ကုသလျှက်ရှိ ကြပြီဆေးခန်းသို့ မလာရောက်နိုင်သော လူနာများကိုလည်း ဆေးကုသရေးအဖွဲ့မှ တာဝန်ရှိသူများက အိမ်တိုင် ယာ‌ရောက် ဆေးကုသမူများ‌သွာရောက်ဆောင်ရွက်ပေးလျှက်ရှိကာ လူနာများအား လိုအပ်သည်များကို ကူ ညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့်ဆေးကုသမှုကိုအပတ်စဉ်အင်္ဂါ၊ ကြာသာပတေး၊ စနေ နေ့ရက်များတွင် နံနက် (၉)နာရီမှ နေ့ လယ် (၂) နာရီ အထိဆေကုသ ပေးသွား မည် ဖြစ် ကြောင်း တာဝန်ရှိသူတစ်ဦး၏  ပြောကြားချက် အရသိရပါသည်။

 

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)