ပုလော ဩဂုတ် ၂
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ အသိပညာပေး ဟောပြောပွဲနှင့်ပြပွဲ/ပြိုင်ပွဲများကို ယမန်နေ့ နံနက် ၈ နာရီက ပုလောမြို့နယ် Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေး အေးမော်က ကျောင်းသားလူငယ်များအနေဖြင့် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင် ရာနှုန်းပြည့်အောင်မြင်ရေးအတွက် အကျင့် စာရိတ္တသည် အရေးကြီးကြောင်း၊ အနာဂတ်မျိုးဆက်သစ် လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်ကြိုးစားနေရမည်ဖြစ်ကြောင်းနှင့် ထူးချွန်ထက်မြက်သော လူငယ်များ ဖြစ်လာစေရန် မိမိတို့၏ ကျောင်းစာအပြင် အသိပညာဗဟုသုတ တိုးပွားစေနိုင်မည့် သုတ/ရသစာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြရန် အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ကျောင်းသား/သူများအား စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ခုံလုပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသူများကို ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသည့် အသိပ ညာပေး နံရံကပ်စာစောင်များ၊ သူတ/ရသ စာအုပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ ကြောင်း သိရသည်။
အေးအေးမော်(ပုလော)