နမ့်ဆန် ဩဂုတ် ၂
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်စာစောင်များကို ဖတ်ရှုသည့်အလေ့အကျင့်ရှိစေရန်နှင့် စာပေအကျိုးကျေးဇူးအကြောင်းသိရှိစေရန် ရည်ရွယ်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ဌားရမ်းဆောင် ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်တွင် မြို့လယ်ရပ်ကွက်တွင် သွားရောက်ငှားရမ်းပေးခဲ့သည်။
အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ဌားရမ်းရာတွင် စာကြည့်တိုက်သို့ မလာ ရောက်နိုင်သည့် စာဖတ်ပရိသတ်များ အားလပ်ချိန်တွင် ပြင်ပဗဟုသုတ စာပေများကို ဖတ်ရှု တတ်သည့် အလေ့အကျင့်ရှိစေရန် စာပေကိုဖတ်ရှုတတ်သည့် အလေ့အကျင့်များ ရရှိစေရန်အတွက် စာအုပ်စာစောင်များကို ယူဆောင်ပြီးသွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များကို အပတ်စဉ်ဌားရမ်းဆောင်ရွက်ပေးပြီး သုတ/ရသ စာအုပ်များကို စာဌားသူတစ်ဦးလျှင် (၂)အုပ်နှုန်းဖြင့် (၇) ရက်ကြာအချိန်ပေး၍ စနစ်တကျ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)