သံတောင်ကြီး ဩဂုတ် ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ တွင်ဒေသခံ ပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းများဖြစ်သော နှစ်ရှည်ပင်များကို အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မင်းကွတ်သီးပင်များကို နှစ်ရှည်ခံပင်များနှင့် တွဲဖက်၍ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ မင်းကွတ်ပင်များသည် စိုက်ပျိုးပြီး (၁၅)နှစ်ခန့်တွင် အသီးများ စတင်သီးပြီး မိုးဦးကာလဖြစ်သော မေလမှ သြဂုတ်လအထိ အသီးသီးကာ အပင်ငယ်တစ်ပင်လျှင် အသီးအလုံးရေ (၁၀၀ မှ ၃၀၀)လုံးအထိ လည်းကောင်း၊ အပင်ကြီးတစ်ပင်လျှင် အသီးအလုံးရေ (၄၀၀ မှ၈၀၀) လုံးအထိ အသီးရှိကြောင်း သိရသည်။
အဆိုပါ ဒေသခံပြည်သူများသည် မင်းကွမ်းသီးများကို မြို့ပေါ်တွင် ရောင်းချသည်သာမက တောင်ငူမြို့ ရှိသီးနှံအဝယ်ဒိုင်များထံတွင် ရောင်းချလျက်ရှိပြီး အရွယ်အစားပေါ်မူတည်၍ မင်းကွမ်းသီးတစ်လုံးကဈေးနှုန်းကျပ်(၂၀၀) မှကျပ် (၃၀၀) အထိရရှိကာ မိသားစုအပိုဝင်ငွေရရှိကြောင်း ဒေသခံတောင်သူတစ်ဦးထံက သိရသည်။
နော်နော်မူ