မိုင်းဆတ် ဩဂုတ် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၆)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အောင်ဇေယျ ဘက်စုံအားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အသက်(၁၆)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲတွင် မိုင်းတွမ်းမြေပြန့်အသင်းမှ အကောင်းဆုံး ဂိုးသမားဆုရရှိသည့် မောင်ရဲသူရဇော်နှင့် မြို့သစ်+ကျဒယ်အသင်းမှ နောက်တန်းအကောင်းဆုံး ဆုရရှိသည့် မောင်အားဖို့တို့ကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးမှူး ဦးချစ်ကိုကလည်းကောင်း၊ မိုင်းတွမ်း မြေပြန့်အသင်းမှ အလယ်တန်းကစားသမား အကောင်းဆုံးရရှိသည့် မောင်ရှိုင်းကိုကိုအား သစ်တောဦးစီးမှူး ဦးသန်းနိုင်ကလည်းကောင်း၊ မိုင်းတွမ်းမြေပြန့်အသင်းမှ ရှေ့တန်း ကစားသမား အကောင်းဆုံးဆုရရှိသည့် မောင်သူရိန်ထွန်းအား မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာစောထက်ဝင်းကလည်းကောင်း၊ ပြိုင်ပွဲတစ်လျောက် အကောင်းဆုံး ကစားသမားဆုရရှိသည့် မိုင်းတွမ်းမြေပြန့်အသင်းမှ မောင်အောင်ဆော်မိုးအား မီးသတ်ဦးစီးမှူး ဦးဇော်လတ်ကလည်းကောင်း၊ တတိယဆုရရှိသည့် ဝိန်းနေ+ဝိန်းကောင်းအသင်းအား ဒုတိယမြို့နယ် ပညာရေးမှူး ဦးနိုင်ထူးအောင် ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် မိုင်းတွမ်းမြေပြန့်အသင်းအား မြို့နယ်လဝကဦးစီးမှူး ဦးကိုကိုနိုင် ကလည်းကောင်း၊ ပထမဆုရရှိသည့် မြို့သစ်+ကျဒယ် အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်ကလည်းကောင်း ဆုငွေနှင့် ဆုတံဆိပ် ဆွဲပြား တို့ကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)