မန်တုံ သြဂုတ်၂
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် အခြေခံအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီးရုံးခန်းမ၌ ယမန်နေ့က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ အထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများအား တွေ့ဆုံ ခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံမှုတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာသိန်းဇော်က ကျောင်ဖွင့်လှစ်နေမှုအခြေအနေများ၊ တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ ဦးရေအခြေအနေများ၊ ကျောင်းကျန်းမာရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကိုဗစ်ကာကွယ်ဆေး ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပြီးစီးမှုအခြေအနေများ၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေမှု အခြေအနေများအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များဆွေးနွေးခဲ့ပြီး ကျောင်းလိုအပ်ချက်များရှိက တင်ပြနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်မှ ကျောင်းလုပ်ငန်းအသုံးပြုရန် လိုအပ်လျက်ရှိသော မိတ္တူကူးစက်အတွက် ငွေကျပ် ငါးသိန်း (၅၀၀၀၀၀/-)အား မတည်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မန်တုံ(ပြန်/ဆက်)